အီတလီနိုင်ငံရဲ့ ရောင်းအားအကောင်းဆုံးဖြစ်ပြီးဥရောပအသိအမှတ်ပြုလက်မှတ်ရရှိထားသော BOSSONG ရဲ့ Epoxy21 လို့ခေါ်တဲ့ Chemical Anchor သည် High Tension capacity ခံနိုင်ပြီးငလျင်ဒဏ် C2 အထိခံနိုင်မှု Approval ရရှိထားသော ETA(European Technical Assessment ) အသိအမှတ်ပြု သံချောင်းစိုက်ကော် အမျိုးအစားဖြစ်ပါသည်။Epoxy 21 မှာ 2 Component ပါဝင်သော pure Epoxy ကော်ဖြစ်ပြီး ကွန်ကရစ်အပူချိန် 40°C ~ 50°C ကြားတွင် အသုံးပြုပါက ဆေးရည်ခဲချိန်(open time) မှာ 7~15 မိနစ် ဖြစ်ပြီး ဆေးခြောက်ချိန် (curing time ) မှာ ၆နာရီ ဖြစ်ပါသည်။ BOSSONG Chemical Anchorကို..... Structure အရအရေးကြီးသော နေရာများအဆောက်အဦးများတွင်extension slab များတိုးခြင်း၊Dowel bar များထုပ်ခြင်းCracked & uncracked concrete များတွင်ထုတ်တန်းများ၊တိုင်များထပ်တိုးဆောက်လုပ်ရာတွင် သံချောင်းများဖြင့်တွဲဖက်၍အသုံးပြုခြင်းလှေကားလက်ရန်းများ၊ကြော်ငြာဆိုင်းဘုတ်များ၊မီးဆိုင်းများ၊H beam / I Beamများတပ်ဆင်ရာတွင် Bolt & Nut များဖြင့် တွဲဖက်အသုံးပြုနိုင်သော သံချောင်းစိုက်ကော် အမျိုးအစားဖြစ်ပါတယ်။Chemical Anchor (သံချောင်းစိုက်ကော်) သုံးရတဲ့ အဓိကရည်ရွယ်ချက်မှာအသစ်ထပ်ထုပ်သောMemberတွေအတွက်စိုက်လိုက်သောRebar ၊Thread Road၊Anchor Bolt & Nut တို့အားအောက်ခံကွန်ကရစ်နဲ့တွဲဆက်သွားစေပြီးသက်ရောက်သောTensile & Shear ဒဏ်ခံနိုင်စေရန်ဖြစ်ပါသည်။Epoxy 21 ကို Bossong Boss 400 Gun(Dispenser) ဖြင့် အသုံးပြုရပါသည်။
Bossong Chemical Anchor အသုံးပြုပုံ- အသုံးပြုမည့် bar size အတွက် သတ်မှတ်ထားသော drill hole ၏ အကျယ် (ပုံမှန်အားဖြင့် အသုံးပြုမည့် rebar နှင့် thread rod တို့၏ diameter ထက် 2mm (or) 4 mm ခန့် ကျယ်၍ ဖောက်ပေးရမည်) နှင့် လိုအပ်သော အနက်ရအောင် ဖောက်ပါ။- Drill ဖြင့်ဖောက်ပြီးပါက drill hole အတွင်း ရှိ ဖုန်များ ပြောင်စင်အောင် brush ဖြင့် ရှင်းလင်းပါ၊ ထို့နောက် air blower ဖြင့် ပြောင်စင်အောင် မှုတ်ထုတ်ပါ။- EPOXY 21အား Dispenser တွင် တပ်ဆင်ပါ။ ထို့နောက် EPOXY 21 ၏ ထိပ်တွင် nozzle တပ်ပါ။ nozzle မှတစ်ဆင့် Epoxy 21၏ Resin နှင့် Hardener နှစ်ခု ရောစပ်၍ ထွက်လာသည်အထိ ညှစ်ထုတ်ပေးပြီး စွန့်ပစ်ပေးပါ။ Nozzle မှ Resin နှင့် Hardener နှစ်မျိုးလုံး တစ်သားတည်းရောစပ် ၍ ထွက်လာပါက drill hole ၏ အခြေမှစ၍ သုံးပုံ နှစ်ပုံ ခန့်ရောက်သည်အထိ (လေခိုခြင်းများမရှိရအောင် ) ဆေးဖြည့်ပေးပါ။ - ထို့နောက် Drill hole အတွင်း rebar (or) thread rod အားလှည့်၍ တပ်ဆင်ေပးပါ။